၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်

 ပြန်ကြားရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းပြီး ဇန်နဝါရီလ ၂၇ ရက်မှ ၂၉ ရက်အထိ မန္တလေး၊ ချမ်းမြသာစည် မြို့နယ်၊ မြန်မာ့သတင်းအချက်အလက်နည်းပညာတက္ကသိုလ်တွင် ကျင်းပမည့် ကလေးစာပေပွဲတော်၌ စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၁ ရက် မွန်းလွဲ ၂ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၈၁လမ်း၊ ၃၂လမ်းနှင့် ၃၃ လမ်းကြားရှိ ဟိုတယ်ကွင်းတွင် ကျင်းပသည်။

 ရှေးဦးစွာ မြန်မာနိုင်ငံစာအုပ်ထုတ်လုပ်ဖြန့်ချိရေးအသင်းမှ ဦးမျိုးအောင်(ပြည့်စုံစာပေ)က ကလေးစာပေပွဲတော်တွင် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည့်အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြ သည်။

 အဆိုပါပွဲတော်တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များမှ စာအုပ်ထုတ်လုပ်ဖြန့်ချိရောင်းချသူများက စာအုပ်အရောင်းဆိုင်များဖွင့်လှစ်ကာ သုတ၊ ရသ စာအုပ်များကို ရောင်းချပေးမည်ဖြစ်သည်။

 ရတနာပုံတက္ကသိုလ် UNIVERSITY CLEAN & GREEN (UCGA)က ကြိုက်သလောက်ယူ၊ ကြိုက်သလောက်လှူ သုတပညာမျှဝေပွဲတော်အဖြစ် ကလေးငယ်များအတွက် စာအုပ်၊ စာတမ်းများကို ပေးဝေမည်ဖြစ်သည်။