၂၀၁၇ခုနှစ်၊ မတ်လ ၁၈ ရက်

မန္တလေးတိုင်းဒေသကြီး ကွန်ပျုတာပညာရှင်အသင်းနှင့် မန္တလေးတိုင်းဒေသကြီး ကွန်ပျုတာလုပ်ငန်းရှင်အသင်းတို့ပူးပေါင်းကျင်းပသည့် ICT EXPO 2017 Mandalay ဖွင့်ပွဲအခမ်းအနားကို မတ်လ၁၇ရက်နံနက် ၉နာရီက ချမ်းမြသာစည်မြို့နယ်၊ ၇၃လမ်းရှိ မြန်မာ့သတင်းအချက်အလက်နည်းပညာတက္ကသိုလ်တွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက်အားပေးချီးမြှင့်ပြီး ICTနည်းပညာများနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

 ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးကွန်ပျုတာလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌဒေါ်သီရိခေတ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ICT EXPO 2017 Mandalayဖွင့်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များ နှင့်ပါတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားသည်။

 ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးဥက္ကာကျော်၊ မန္တလေး တိုင်းဒေသကြီး ကွန်ပျုတာလုပ်ငန်းရှင် အသင်းဥက္ကဋ္ဌ ဒေါ်သီရိခေတ်တို့က ICT EXPO 2017 Mandalayဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဧည့်သည်တော်များသည် တိုင်းဒေသကြီးအတွင်းရှိ နည်းပညာတက္ကသိုလ်များမှကျောင်းသား\ကျောင်းသူများ၏ တီထွင်ကြိုးစားဆောင်ရွက်ထားသော ICT Projectများနှင့် ပြခန်း (၁၇)ခန်းတို့ကိုလည်းကောင်း၊ ICT EXPO 2017 Mandalayတွင် ခင်းကျင်းပြသရောင်းချလျှက်ရှိသော ကွန်ပျူတာများ၊ မိုဘိုင်းဖုန်းများနှင့် ဆက်စပ် ပစ္စည်းပြခန်း(၅၁)ခန်းများ ကိုလည်းကောင်း၊ လိုက်လံကြည့်ရှု့လေ့လာကြသည်။

 ထို့နောက် National ICT Awards 2016 (Educational Project&Skills Competition)ပြိုင်ပွဲတွင်ဆုရရှိကြသော ကျောင်းသား၏ကျောင်းသူများ၊ ဆရာ\ဆရာမ များအား တာဝန်ရှိသူတို့က ဆုများအသီးသီးပေးအပ်ကြကြောင်းနှင့် အဆိုပါ ICT EXPO 2017  Mandalayပြပွဲကို မတ်လ ၁၇ရက် နေ့မှ ၁၉ရက်နေ့ အထိ့ နံနက်၉နာရီမှ ညနေ၆နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး ပညာပေးဆွေးနွေးပွဲများ၊ ဂိမ်းပြိုင်ပွဲများ ပါဝင်မည်ဖြစ်ကာ လာရောက်ကြည့်ရှု့လေ့လာသူများ အနေဖြင့် ကွန်ပျူတာနှင့် အခြားနည်းပညာများကိုလည်း လေ့လာကြည့်ရှုနိုင်ပါသည်။