၂၀၁၇ ခုနှစ် ဧပြီလ ၁၅ ရက်

  ၁၃၇၈ခု၊ နှောင်းတန်ခူးလပြည့်ကျော် ၅ ရက် (ဧပြီ ၁၆ ရက်) မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားသော အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက် နာယက၊  အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိ (သက်တော် ၇၂၊ သိက္ခာတော် ၅၁ ဝ)၏ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလပ်တော်အား မဟာဂန္ဓာရုံကျောင်းတိုက်တွင် အန္တိမဈာပနပူဇော်၍ ၁၃၇၉ ခု ဦးတန်ခူးလပြည့်ကျော် ၉ ရက် (ဧပြီ ၂၀ ရက်) တွင် အမရပူရမြို့နယ် လင်းဇင်းကုန်းသုသာန်တွင် မီးသင်္ဂြိုဟ်ပူဇော်မည်  ဖြစ်သည်။