၂၀၁၇ခုနှစ် နိုဝင်ဘာလ ၁၂ရက်

 စစ်မက်ကင်းကွာနေသော ဒေသကပြည်သူလူထုများ ငြိမ်းချမ်းရေး၏အနှစ်သာရကို သဘောပေါက်နားလည်စေရန်နှင့် တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရာတွင်ငြိမ်းချမ်းရေးသည် အရေးကြီးဆုံးအခန်းကဏ္ဍာမှပါဝင်နေသည်ကိုပြည်သူလူထုအနေဖြင့် သဘောပေါက်သိရှိ နားလည်စေပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်တတ်စေရန် ရည်ရွယ်ချက်များဖြင့် မန္တ​လေးတိုင်း​ဒေသကြီး၊ အမျိုးသမီးရေးရာကော်မတီက ကြီးမှုးကျင်းပသည့်​ ငြိမ်းချမ်း​ရေး ရက်​သတ္တပတ်​လှုပ်​ရှားမှုအဖြစ်​နိုဝင်​ဘာ ၆ ရက်​မှ ၁၂ ရက်​ထိ မန္တ​လေးမြို့တွင် ကျင်းပ​ခဲ့ရာ ငြိမ်းချမ်း​ရေး ဂီတပ​ဒေသာကပွဲကို နိုဝင်​ဘာ ၁၂ ရက်​ည​နေ ၅ နာရီတွင်​မန္တ​လေးမြို့ ၆၂လမ်းရှိ မ​နော်​ရမ္မံလူထုဟစ်​တိုင်​ကွင်းတွင်​အဆို​တော်​မွန်း​အောင်​နှင့်​ တိုင်းရင်းသားအကဂီတပ​ဒေသာ​ဖျော်​​ဖြေမှုများဖြင့်​တင်ဆက်ခဲ့သည်​။

 အဆိုပါဂီတပဒေသာကပွဲသို့ မန္တ​လေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့ ဝန်​ကြီးချုပ်​​ဒေါက်​တာ​ဇော်​မြင့်​​မောင်၊ မန္တ​လေးတိုင်းဒေသကြီး အမျိုးသမီးရေးရာ ကော်မတီ နာယက ဒေါက်တာယုယုမေနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌဦးအောင်ကျော်ဦးနှင့် တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များ၊ အစိုးရအဖွဲ့ ဝင်လွှတ်​​တော်​ကိုယ်​စားလှယ်​များ၊ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​မန္တ​လေးတိုင်း​ဒေသကြီး ဥက္ကဌ ဦးတင်​ထွဋ်​ဦးနှင့်​ ပါတီဝင်​များ၊မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ နိုင်ငံကျော်တေးသံရှင်အဆိုတော်မွန်းအောင်၊ မန္တလေးယဉ်ကျေးမှု တက္ကသိုလ်မှ ကျောင်းသူများ၊ ကံတက်ကုန်းမစိုးရိမ်ကျောင်းတိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား ကျောင်းသူများ၊ မိုးသောက်ပန်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ၊ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေးဌာနမှ ကလေးငယ်များ၊ မန္တလေးတိုင်းဒေသကြီးကိုယ်ပိုင် အထက်တန်းကျောင်းများအသင်းမှ ကျောင်းသားကျောင်းသူများ၊ ပြည်သူများတက်ရောက်ကြသည်။

 ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မန္တ​လေးတိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီ နာယကများနှင့်တာဝန်ရှိသူများ၊ တိုင်းရင်းသားကျောင်းသူ ကျောင်းသားများနေရာယူကြပြီး မန္တ​လေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့ ဝန်​ကြီးချုပ်​​ဒေါက်​တာ​ဇော်​မြင့်​​မောင်၊ မန္တ​လေးတိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီ နာယက ဒေါက်တာယုယုမေတို့က ငြိမ်းချမ်းရေးဂျိုးဖြူဌက်လွှတ်၍ ငြိမ်းချမ်း​ရေး ရက်​သတ္တပတ်​လှုပ်​ရှားမှု "ငြိမ်းချမ်း​ရေး ဂီတပ​ဒေသာကပွဲကိုဖွင့်လှစ်ပေးကြသည်။

 ဆက်လက်၍ မန္တ​လေးတိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီ နာယက ဒေါက်တာယုယုမေက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ ပြည်သူများသည်နိုင်ငံကျော်တေးသံရှင် အဆိုတော်မွန်းအောင်၊ မန္တလေးယဉ်ကျေးမှု တက္ကသိုလ်မှ ကျောင်းသူများ၊ ကံတက်ကုန်းမစိုးရိမ်ကျောင်းတိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား ကျောင်းသူများ၊ မိုးသောက်ပန်းကိုယ်ပိုင်
အထက်တန်းကျောင်းမှကျောင်းသား ကျောင်းသူများ၊ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေးဌာနမှ ကလေးငယ်များ၊ မန္တလေးတိုင်းဒေသကြီး ကိုယ်ပိုင် အထက်တန်းကျောင်းများအသင်းမှ ကျောင်းသားကျောင်းသူများ၏အဆိုအကများ ပြဇာတ်တို့ဖြင့် တင်ဆက်မှုကိုကြည့်ရှုအားပေး ခဲ့ကြသည်။

 ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ ဧည့်ပရိတ်သတ်များက နိုင်ငံကျော်အဆိုတော်မွန်းအောင်နှင့်အဆိုအက ပြဇာတ်တို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သောကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့သည်။