၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၅ ရက်

 ၂၀၁၇ ခုနှစ် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲနှင့် ဧကာဒဿမအကြိမ် မန္တလာအိုးပင်း စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၅ ရက် နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ဗထူးအားကစားပြိုင်ကွင်း မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပသည်။

 ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး စစ်တုရင်ဆပ်ကော်မတီ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ စိုးထွန်းက အဖွင့်အမှာစကား ပြောကြားသည်။

 ထို့နောက် မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝေဇင်က စစ်တုရင် ကစားရုပျ၏ ပထမရွှေ့ကွက်ကို ရွှေ့၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

 အဆိုပါ ပြိုင်ပွဲကို ဒီဇင်ဘာ ၁၄ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အသင်းပေါင်း ၁၈ သင်း ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး စစ်တုရင်အသင်းသည် နှစ်စဉ် ပြည်နယ်နှင့် တိုင်းဒေသကြီးစစ်တုရင်ပြိုင်ပွဲ၊ အပြည်ပြည်ဆိုင်ရာ စစ်တုရင်သာမက မြန်မာ့ရိုးရာ စစ်တုရင်ပြိုင်ပွဲနှင့် သက်တမ်းအလိုက် ပြိုင်ပွဲများတွင် စွယ်စုံတံခွန်စိုက် ဒိုင်းဆု၊ တံခွန်စိုက် ဒိုင်းဆုနှင့် တစ်ဦးချင်း အကောင်းဆုံးဆုများ ဆွတ်ခူးရရှိခဲ့ကြသည်။