၀၁၈ ခုနှစ်၊ ဇွန်လ ၁၂ ရက်

 မန္တလေးတောင်တော် ဂေါပကအဖွဲ့က ဆောင်ရွက်နေသော သာသနာရေးဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ ဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲကို ဇွန်လ ၁၂ ရက် နံနက်ပိုင်းက မန္တလေးတောင်ေ တာ် ဆုတောင်းပြည့်ဘုရား ရင်ပြင်တော်၌ ပြုလုပ်သည်။

 အခမ်းအနားသို့ နိုင်ငံတော်သြဝါဒါစရိယ သမ္မတစာချကျောင်း မြတောင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တအကုင်္ရ၊ မန္တလေးတိုင်းဒေသကြီး တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ (သုဓမ္မာ)အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အမှူးပြုသော ပင့်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မန္တလေးတောင်ေ တာ် ဂေါပကအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။

 ရှေးဦးစွာ အခမ်းအနားကို နမေတဿ သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော် သြဝါဒါစရိယ မြတောင်တိုက် ဆရာတော်ကြီးထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ကိုးပါးသီလ ခံယူေ ဆာက်တည်ကြသည်။ ထို့နောက် ကြွရောက်တော်မူလာကြသော ဆရာတော်၊ သံဃာတော်များထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

 ယင်းနောက် မန္တလေးတောင်တော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းထွန်းက မန္တလေးတောင်တော်၏ ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ကိစ္စများကို လျှောက်ထားတင်ပြ ပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကလည်း သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြသည်။

ဆက်လက်၍ မန္တလေးတိုင်ေးဒသကြီး ဥက္ကဋ္ဌ (သုဓမ္မာ)ထံမှ အနုမောဒနာတရားတော်များကို နာယူကြည်ညိုကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြ၍ အခမ်းအနားကို ဗုဒ္ဓ သာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်းပြီး ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့သည်။