၂၀၁၇ ခုနှစ်၊ မတ်လ ၁၉ ရက်

 မီးလေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသပွဲကို မတ်လ ၁၉ ရက် မွန်းလွဲ ၁ နာရီက မန္တလေးမြို့၊ အမှတ် (၆)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ မန္တလေး ချမ်းအေးသာစံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ၊ မန္တလေးခရိုင် မီးသတ်တပ်ဖွဲ့မှူး ဦးသန်းနိုင်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မိုဃ်းကြွေနှင့် ဆရာမများ၊ စိတ္တမဟီရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်း နှင့် တာဝန်ရှိသူများ၊ ရပ်ကွက်ပြည်သူများ တက်ရောက်ကြသည်။

 ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်မီးသတ်တပ်ဖွဲ့မှူးက မီးဘေးကြိုတင်ကာကွယ်ရေးအကြောင်း အသိ ပညာပေး ဟောပြောသည်။

 ဆက်လက်၍ မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ရပ်ကွက်ပြည်သူများအား မီးဘေးကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် မီးငြှိမ်းသတ်နည်းစနစ်များကို လက်တွေ့သရုပ်ပြသခဲ့ကြ သည်။