၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၃ ရက်

 မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးမှူး၍ (၂၉)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို နိုဝင်ဘာ ၁၂ ရက် နံနက် ၁၀ နာရီက အဆိုပါဌာန ရုံးခန်းမတွင် ကျင်းပသည်။

 ရှေးဦးစွာ စံပယ်ရုံ မိုးကုတ်ရိပ်သာ နာယကဆရာတော် ဘဒ္ဒန္တ ကစ္စာယနထံမှ ငါးပါးသီလနှင့် အနုမောဒနာတရား နာယူကြည်ညိုကြပြီး ခေတ္တ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးစိုင်းသော်ဝင်းနှင့် ဇနီး ဒေါ်ဥမ္မာနေထွန်း၊ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းဟောင်းများအသင်း တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ရေစက်ချတရား နာယူကြည်ညိုကြကာ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်ကြ၍ ဧည့်ပရိသတ်များနှင့် ဝန်ထမ်းများအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံကြသည်။