၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၃ ရက်

 မန္တလေး၊ မဟာအောင်မြေမြို့နယ်၏ (၉၇)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာ ၁၃ ရက်နေ့ နံနက် ၉ နာရီက မန္တလေးမြို့၊ အမှတ် (၁၃)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပသည်။

 ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများက ပြည်မြန်မာ သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတထံမှ ပေးပို့သော (၉၇)နှစ်မြောက် အမျိုးသားနေ့ သဝဏ်လွှာကို ဖတ်ကြားသည်။

 ဆက်လက်၍ အမျိုးသားနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုရရှိသူများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

 အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်အောင်၊ ခရိုင်အမျိုးသမီးရေးရာကော်မတီဝင် ဒေါ်စုစုသာ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးသီတာထက်၊ မြို့နယ်ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်နှင်းဆီနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။