၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၃ ရက်

 ၂၀၁၇ ခုနှစ်၊ ၉၇ နှစ်မြောက် အမျိုးသားနေ့ကို နိုဝင်ဘာ ၁၃ ရက် နံနက် ၉ နာရီက မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ အ.ထ.က (၂၇)၌ ကျင်းပသည်။

 ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီးချင်းဖြင့် အခမ်းအနားအား ဖွင့်လှစ်ကြပြီး ပြည်ကြီးတံခွန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့်က နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ၉၇ နှစ်မြောက် အမျိုးသားနေ့ သဝဏ်လွှာကို ဖတ်ကြားသည်။

 ထို့နောက် အမျိုးသားနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ ချီးမြှင့်ကြပြီး ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ ချီးမြှင့်ကြပြီး ကျောင်းသား၊ ကျောင်းသူများက ပြည်မြန်မာသီချင်းသီဆိုကာ အခမ်းအနားကို ရုပ်သိမ်းသည်။

 အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မောင်မောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ကြသည်။