၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်

 မြို့နယ်ဂုဏ်ဆောင် နာရီစင် ဆောက်လုပ်ရန် ပန္နက်တင်ပွဲကို ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းက ပုသိမ်ကြီး-မန္တလေး-ရန်ကင်းတောင် လမ်းဆုံ ကျီကုန်း မီးပွိုင့်အနီး စိမ်းစိုသစ်တောရုံး တောင်ဘက်ရှိ မြေကွက်လပ်၌ ကျင်းပသည်။

 အစီအစဉ်အရ မင်္ဂလာအချိန် ၈ နာရီ ၅၄ မိနစ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းဌေးလင်း၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် နာရီစင် ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမင်းဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်နာယက ဦးသန်းဆွေနှင့် နာရီစင်ဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးထွေးအောင်တို့က သတ်မှတ်နေရာများ၌ ပန္နက်တင်ကြသည်။