၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၈ ရက်

 မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ရေပြင်ရှာဖွေရေးသင်တန်းဆင်းပွဲ အခမ်းအနားကို အမရပူရမြို့နယ် ပစလ(၂)ပေါ်လွင်ရေကူးကန်တွင် ဇူလိုင် ၇ ရက် နံနက် ၉ နာရီက ကျင်းပရာ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မန္တလေးခရိုင် မီးသတ်ဦးစီးမှူး၊ မန္တလေးခရိုင် အရန်မီးသတ်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ သင်တန်း နည်းပြများ၊ မြို့နယ် ခုနစ်မြို့နယ်မှ မီးသတ်ဦးစီးမှူးများ၊ သင်တန်းသားများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 သင်တန်းဆင်းပွဲတွင် တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက သင်တန်းဆင်းအမှာစကားပြောကြားပြီး ရေပြင်ကယ်ဆယ်ရေး ဆောင်ရွက်ရာတွင် လျင်မြန်စွာ တုံ့ပြန်ကူညီကယ်ဆယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ရက်သတ္တ တစ်ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် သင်တန်းသား ၃၅ ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။