၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၈ ရက်

 အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပရေးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးခုနှစ်ခုမှ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲအခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၁၆ ရက် မွန်းလွဲ ၁ နာရီက မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းအောင်က အဖွင့်အမှာစကားပြောကြားသည်။

 ထို့နောက်တက်ရောက်လာသူများက လုပ်ငန်းကော်မတီတစ်ခုချင်းအလိုက် ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးတင်ပြကြပြီးတင်ပြချက်များကို မန္တလေးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဥက္ကဌက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

 အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးခင်ဇော်နှင့် အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များတက်ရောက်ကြသည်။ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ဇွန် ၂၆ ရက်တွင် အောင်မြေသာစံမြို့နယ်၊ ရွှေမန်းတောင်အားကစားကွင်း၌ကျင်းပမည်ဖြစ်သည်။