၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်

 ၁၆-၇-၂၀၁၇ ရက်နေ့ ၁၇၃၀ အချိန် မူးယစ်တပ်စု(၁၈)မှ ရဲအုပ်လင်းထွန်း ဦးစီးအဖွဲ့၊ မနရ(သာစည်)မှ ရဲအုပ်ရွှေနု တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာ၊ တောင်ကြီး-မိတ္ထီလာ ကားလမ်းမပေါ် သော်တာဝန်း ကျောက်ခွဲစက်အနီး မူးယစ်ဆေးဝါး ရှာဖွေရေးလုပ်ငန်းများအား ဆောင်ရွက်နေကြစဉ် တောင်ကြီးဘက်မှ မိတ္ထီလာဘက်သို့ ယာဉ်မောင်း ဦးမြတ်ကို မောင်းနှင်လာသော ယာဉ်အားရှာဖွေရာ ယာဉ်ရှေ့ခန်းရှိ ဌေးဝင်း၏ ပေါင်ပေါ်တွင်တင်ထားသော အနက်ရောင် ကျောပိုးအိတ်အတွင်းမှ  ဘိန်းစိမ်း (၁)ထုပ်လျှင် (၁.၂)ကီလိုပါ (၈)ထုပ်၊ အလေးချိန် (၉.၆) ကီလိုဂရမ် (ကာလတန်ဖိုးတစ်ကီလိုလျှင်  ၁၅ သိန်းကျပ်ဖြင့် ၁၄၄ သိန်းကျပ်)၊ ဌေးဝင်း၏ နိုင်ငံသားစိစစ်ရေးကဒ်ပြားမူရင်း(၁)ခု တို့အားတွေ့ရှိ၍ ဒုရဲအုပ် တေဇာငြိမ်းချမ်းဇော်မှ ရှာဖွေပုံစံရေးသွင်းသိမ်းဆည်းခဲ့ပါသည်။

 ဆက်လက်၍ ယာဉ်နောက်ခန်းရှိ ကျော်သန်းဦး၏ခရီးဆောင်အိတ်အတွင်းမှ ဘိန်းစိမ်း (၁) ထုပ်လျှင် (၁.၂)ကီလိုပါ (၁၀) ထုပ်၊ အလေးချိန် (၁၂) ကီလိုဂရမ် (ကာလတန်ဖိုး တစ်ကီလိုလျှင် ၁၅ သိန်းကျပ်ဖြင့် ကျပ်သိန်း ၁၈၀)၊ ကျော်သန်းဦး၏ နိုင်ငံသားစိစစ်ရေးကဒ်မူရင်း (၁)ခု၊ လက်ကိုင်ဖုန်း (၁)လုံးတို့အားတွေ့ရှိ၍ ဒုရဲအုပ် တေဇာငြိမ်းချမ်းဇော်မှ ရှာဖွေပုံစံဖြင့် ဆက်လက်သိမ်းဆည်းခဲ့ပါသည်။

 တရားခံ ဌေးဝင်းအား စစ်ဆေးရာ ဖမ်းဆီးရမိသော ဘိန်းစိမ်းများမှာ တစ်ရွာတည်းနေ ကိုတင်ရွှေ မှ ဆက်သွယ်ပေးမှုဖြင့် ပင်လောင်း-လွိုင်ကော် ကားလမ်းပေါ်ရှိ တင်းထက်ရွာနေ ကိုနိုင်(ပအို့ဝ်လူမျိုး)ထံမှ ၁၇ ဇူ ၁၆ ၀၄၀၀ အချိန် ဘိန်းစိမ်း (၁)ထုပ်လျှင် (၅) သိန်းကျပ်ဖြင့် (၈)ထုပ် ဝယ်ယူခဲ့ပြီး ၀၅၀၀ အချိန်ခန့် ပင်လောင်း-အောင်ပန်း ခရီးသည်တင်ယာဉ်ဖြင့်လိုက်ပါခဲ့ကြောင်း၊ အောင်ပန်း၌ ကျော်သန်းဦးနှင့်တွေ့ဆုံပြီး ခရီးစဉ်တူ၍ အောင်ပန်း-မန္တလေး  ခရီးသည်တင်ယာဉ်အား အတူစီးလာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

 တရားခံ ကျော်သန်းဦး စစ်မေးရာ ဖမ်းဆီးရမိသော ဘိန်းစိမ်းများအား ယခင်ကတည်းက ခင်မင်သူ ဖယ်ခုံမြို့နယ်၊ ကာလကျေးရွာနေ ဦးဘိုညို(ကယန်းလူမျိုး)ထံမှ ၁၇ ဇူ ၁၆ ၀၃ အချိန် ဘိန်းစိမ်း (၁) ထုပ်လျှင် (၅) သိန်းကျပ်နှုန်းဖြင့် (၁၀) ထုပ်အားဝယ်ယူပြီး ဖယ်ခုံ- ပင်လောင်း-အောင်ပန်း လိုင်းကားဖြင့်လည်းကောင်း၊ အောင်ပန်း၌ သွားရောက်ရမည့် ခရီးစဉ်တူသူ ဌေးဝင်းနှင့်ဆုံခဲ့၍ အတူလိုက်ပါလာစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

 သို့ဖြစ်၍ ဘိန်းစိမ်း(၉.၆)ကီလိုနှင့်အတူတွေ့ရှိသူ ဌေးဝင်း (၂၈) နှစ်၊ (ဘ) ဦးသာထွန်း၊ ကနန်း/ဗုဒ္ဓ၊ တောင်သူ၊ နန်းညှင်းကျေးရွာ၊ ဗန်းမောက်မြို့နယ်နှင့် မူးယစ်ဆေးဝါးများရောင်းချပေးသူ ကိုနိုင် (ဖမ်းမမိသေး)၊  တင်းထက်ရွာ၊ ပင်လောင်းမြို့နယ် နေသူတို့ (၂)ဦးအား မမစ(သာစည်)၊ မယ(ပ) ၁၁/၁၇၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် ၁၇ ဇူ ၁၆ ၂၂၅၀ အချိန် နှင့် ဘိန်းစိမ်း (၁၂) ကီလိုနှင့်အတူတွေ့ရှိသူ ကျော်သန်းဦး၊ (၃၃)နှစ်၊ (ဘ)ဦးဘဆန်း၊ ကနန်း/ဗုဒ္ဓ၊ တောင်သူ၊ ဗန်းမောက်မြို့နယ်နှင့် မူးယစ်ဆေးဝါးများရောင်းချပေးသူ ဦးဘိုညို (ဖမ်းမမိသေး)၊ ဖယ်ခုံမြို့နယ် နေသူတို့ (၂)ဦးအပေါ် မမစ(သာစည်)၊ မယ(ပ) ၁၂/၁၇၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် ၁၇ ဇူ ၁၆ ၂၂၅၅ အချိန် ရဲအုပ်လင်းထွန်းမှ တရားလိုပြုလုပ် အမှုဖွင့်ခဲ့သည်။