၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်

 မန္တလေး၊ ချမ်းမြသာစည်မြို့နယ် တမ္ပဝတီရပ်ကွက် အရန်မီးသတ်စခန်းအဆောက်အအုံ လှူဒါန်းပွဲကို စက်တင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီက မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက် အရန်မီးသတ်စခန်းတွင် ကျင်းပသည်။

 ရှေးဦးစွာ အရန်မီးသတ်စခန်းအဆောက်အအုံကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှသိန်းနှင့် အလှူရှင် ဦးအောင်သိုက်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး အလှူရှင် ရပ်မိ၊ ရပ်ဖဥက္ကဋ္ဌ ဦးအောင်သိုက်က လှူဒါန်းရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

 ဆက်လက်ပြီး အလှူရှင် ဦးအောင်သိုက်+ဒေါ်မြမြ(မော်လမြိုင်)ရောင်းဝယ်ရေးက ရခိုင်ပြည်နယ်နယ်စပ်ဒေသ ခြံစည်းရိုးကာရံရေးအတွက် နိုင်ငံတော်သို့ ကျပ်သိန်း ၅၀ လှူဒါန်းရာ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဇော်က လက်ခံရယူပြီး အခြားအလှူရှင် များ၏ လှူဒါန်းမှုများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ ရပ်မိ၊ ရပ်ဖ ဦးဇော်ဝင်းက လှူဒါန်းမှုအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ သည်။