၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၆ ရက်

  မူးယစ်တပ်ဖွဲ့စု (၁၇)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၄ ရက် နံနက် ၃ နာရီခွဲက သက်သေများနှင့်အတူ ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင် ကျောက်ချောစစ်ဆေးရေးဂိတ်၌ သတင်းအရ ရှာဖွေစစ်ဆေးနေစဉ် မူဆယ်မှ ပုလဲဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မှန်လုံယာဉ်ကို စစ်ဆေးရာ ထိုင်ခုံအမှတ် (၁၉)တွင် စီးနင်းလိုက်ပါလာသော ခရီးသည် နိုင်ထူးဝင်း(၃၄ နှစ်၊ အေးသာယာရပ်ကွက်၊ မုံရွာမြို့) ထိုင်နေသည့် ခုံအပေါ် ပစ္စည်းတင်စင်တွင် တင်းထားသည့် ၎င်း၏ မိုးကာအင်္ကျီချိုင်းပြတ် ဝဲဘတ်အိတ်ကပ်အတွင်းမှ Love is Folwer စာတမ်းပါ ပန်းရောင်ဆပ်ပြာခွက်အတွင်းထည့်လျက် ပလတ်စတစ်အကြည်ဖြင့် ထုပ်ထားသည့် ဘိန်းဖြူဟုယူဆရသည့် ဖြူဝါရောင်အမှုန့် အလေးချိန် ၁၃ ဂရမ်ခန့်ပါ တစ်ခွက်၊ ယာဘက်အိတ်ကပ်အတွင်းမှ ဖြူဝါရောင်အမှုန့် အလေးချိန် ၁၃ ဂရမ်ခန့်ပါ တစ်ခွက်၊ ပင်နယ်ဆလင်ပုလင်းအတွင်း ထည့်လျက် ဖြူဝါရောင်အမှုန့် အလေးချိန် ၀ ဒသမ ၃ ဂရမ်ခန့်ပါ တစ်ပုလင်း၊ စုစုပေါင်း ဘိန်းဖြူမှုန့်အလေးချိန် ၂၆ ဒသမ ၃ ဂရမ်ခန့်(တစ်ဂရမ်လျှင် ငွေကျပ် ၇၀၀၀၀ နှုန်းဖြင့် ငွေကျပ် ၁၈ ဒသမ ၄၁ သိန်းခန့်)နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို တွေ့ရှိသိမ်းဆည်း ရမိသဖြင့်  အုန်းချောနယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားပါသည်။