၂၀၁၈ ခုနှစ်၊ ဖော်ဝါရီလ ၈ ရက်

 မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၏ မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး၊ မှုခင်းကြိုတင် ကာကွယ်ရေး၊ မှုခင်းကျဆင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာရေး၊ ဝန်ဆောင်မှုကိုရှေ့ရှုသော ရဲလုပ်ငန်းဆောင်ရွက်မှုများအား ပြည်သူများ သိရှိစေရေးအတွက် ဖေဖော်ဝါရီ ၇ ရက်က မှုခင်းအသိပညာပေးဟောပြောမှုများ၊ မှတ်တမ်းဓာတ်ပုံများနှင့်ပတ်သက်၍  ရှင်းလင်းပြောကြားခြင်း၊ ပညာပေး ဗီဒီယိုဇာတ်လမ်းများပြသ၍ မှုခင်းအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ချမ်းအေးသာစံမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင် ဦးဆောင်၍ အမှတ်(၃)နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်သူနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးလူမှုရေးအဖွဲ့များသည် ဖေဖော်ဝါရီ ၇ ရက် နံနက် ၈ နာရီခွဲက ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ လမ်း ၃၀ နှင့် လမ်း ၆၀ ထောင့်ရှိ အ.ထ.က(၅)ကျောင်းတွင် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ ၂၄၀၀ ကျော်တို့ကို မှုခင်းအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင် ၆၀၀ ကျော် ပေးဝေခြင်းများ ဆောင်ရွက်ပေးခဲ့ကြပြီး မွန်းလွဲပိုင်း၌ ကန်ကောက်ရပ်ကွက်၊ ၂၆ လမ်းနှင့် ၅၆ လမ်းထောင့်တွင်လည်း ရပ်ကွက်နေပြည်သူ ၂၀၀ ကျော်တို့ကိုလည်းကောင်း၊ အလားတူအမှတ်(၆)နယ်မြေ ခေတ္တရဲစခန်းမှူး ရဲအုပ် မင်းရာဇာဝင်းနှင့် အဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၇ ရက် နံနက် ၁၀ နာရီက ၈၉ လမ်းနှင့် လမ်း ၉၀ ကြား၊ ၃၃ လမ်းရှိ အ.ထ.က(၁၉)ကျောင်းရှေ့တွင် စိတ်ဝင်စားစွာ လာရောက်နားထောင်ကြသော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများကိုလည်းကောင်း၊ လွန်ခဲ့သောရက်၌လည်း မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ရှိ အ.ထ.က(၂၄)ကျောင်းမှ ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ၁၀၀၀ ကျော်တို့ကို နံနက်ပိုင်းနှင့် ညနေပိုင်းတွင် ရပ်ကွက်နေပြည်သူ ၂၀၀ ကျော်တို့အား တာဝန်ခံအရာရှိများ နှင့် အမှတ်(၇)နယ်မြေရဲစခန်းမှူး ရဲအုပ်စိုးကြည်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မီးသတ်တပ်ဖွဲ့တို့နှင့်အတူ တိုင်းရဲအကူတပ်ဖွဲ့၏ မှုခင်းပညာပေးယာဉ်ဖြင့် အသိပညာပေးဟောပြော၍ လက်ကမ်းစာစောင်များပေးဝေခဲ့ကြသည်။