၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ နန်းတော်ရှေ့ ၁၉ လမ်း၊ ၅၇ လမ်းနှင့် ၅၈ လမ်းကြားရှိ မန္တလေးကံ့ကော်ကိုယ်ပိုင်အထက်တန်းကျောင်း စုဝေးသဘင် ခန်းမ၌ ဇူလိုင် ၉ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA)မန္တလေးတိုင်းဒေသကြီးနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သော မူးယစ်ဆေးဝါးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။

 အခမ်းအနားသို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA)ဥက္ကဋ္ဌ ရဲမှူးကြီး ချစ်စိန်(ငြိမ်း)၊ ဒေါ်ခင်စန်းရီ ပညာရေးဌာန ညွန်ကြားရေးမှူး (ငြိမ်း)၊ မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒေါ်တင်တင်အေး(ဦးစီးအရာရှိ)၊ (MANA)အထွေထွေအတွင်းရေးမှူး ဒေါက်တာ ဇော်ဇော်၊(MANA)ဒုတိယ ဥက္ကဋ္ဌ ဒေါ်သန္တာဘုန်းဝင်းနှင့်တာဝန်ရှိသူများ၊ မန္တလေးကံ့ကော်ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်အုပ်ချုပ်သူ ဆရာကြီး ဦးမောင်မောင်သန်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

 ရှေးဦးစွာ (MANA)ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားပြီး ဆရာမကြီး ဒေါ်ခင်စန်းရီက “ဆေးလိပ်အကြောင်း”အသိပညာပေးဟောပြောခြင်း၊ ဒေါက်တာ ဇော်ဇော်က “HIV, AIDS အကြောင်း”၊ (MANA)ဒုတိယ ဥက္ကဋ္ဌက “လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း”တို့ကို အသိပညာပေးဟောပြောကြပြီး မန္တလေး ကံ့ကော်ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်အုပ်ချုပ်သူက ကျေးဇူးတင်စကား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။