၂၀၁၇ခုနှစ်၊ သြဂုတ်လ ၁၁ ရက်

 မန္တ​လေးတိုင်း​ဒေသကြီး ၂၀၁၇-၂၀၁၈ ပညာသင်​နှစ်​​ကျောင်းကျန်းမာ​ရေး သီတင်းပတ်​လှုပ်​ရှားမှု အခမ်းအနားကို သြဂုတ်​လ ၁၁ရက်​​နေ့ နံနက်​၈နာရီက ချမ်း​အေးသာစံမြို့နယ်​၊ အမှတ်​(၁၄)အ​ခြေခံပညာအထက်​တန်း​ကျောင်း၊ ပန်းမျိုးတစ်​ရာခန်းမတွင်​ကျင်းပသည်​။

 အဆိုပါအခမ်းအနားတွင်​တိုင်း​ဒေသကြီးစည်​ပင်​သာယာ​ရေးဝန်​ကြီး​ ဒေါက်​တာရဲလွင်​က အဖွင့်​အမှာစကား​ပြောကြားပြီး ​ကျောင်းကျန်းမာ​ရေးဌာနခွဲ (နေပြည်​​တော်​) မှ ညွှန်​ကြား​ရေးမှူး​ဒေါက်​တာစန္ဒာက ​ကျောင်းကျန်းမာ​ရေး သီတင်းပတ်​လှုပ်​ရှားမှုနှင့်​ပတ်​သက်​၍ ရှင်းလင်း​ပြောကြားသည်​။

 ထို့​နောက်​ တိုင်း​ဒေသကြီးစည်​ပင်​သာယာ​ရေးဝန်​ကြီး​ဒေါက်တာရဲလွင်​တိုင်း​ဒေသကြီးအမျိုးသမီး​ရေးရာ​ကော်​မတီနာယက တိုင်း​ဒေသကြီးဝန်​ကြီးချုပ်​၏ ဇနီး ​ဒေါက်​တာယုယု​မေနှင့်​ ​ဒေါက်​တာစန္ဒာတို့က ​ကျောင်းကျန်းမာ​ရေးလှုပ်​ရှားမှု စံပြ​ကျောင်း ပထမဆုရ ချမ်း​အေးသာစံမြို့နယ်​၊ အမှတ်​(၁၄)အ​ခြေခံပညာအထက်​တန်း​ကျောင်း၊ ဒုတိယဆုရ ​အောင်​​မြေသာစံမြို့နယ်​၊ အမှတ်​(၈)အ​ခြေခံပညာအထက်​တန်း​ကျောင်း၊ တတိယဆုရ အမရပူရမြို့နယ်​၊ အမှတ်​(၁) အ​ခြေခံပညာအထက်​တန်း​ကျောင်းတို့မှ ​ကျောင်းအုပ်​ကြီးများနှင့်​ တာဝန်​ခံ​ကျောင်းအုပ်​ကြီးတို့ကို လည်း​ကောင်း၊ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း ပြိုင်​ပွဲ ဆုရ ​ကျောင်းသား၊ ​ကျောင်းသူများကို လည်း​ကောင်း အသီးသီးဆုများချီးမြှင့်​​ပေးအပ်​သည်​။

 အခမ်းအနားပြီးတွင်​ တက်​​ရောက်​လာကြသူများသည်​ခန်းမအတွင်း ပြသထားသည့်​ ကျန်းမာ​ရေးပညာ​ပေးပြခန်း၊ ဝူရှူးအားကစား သရုပ်​ပြမှုနှင့်​ ​ကျောင်းသား၊ ​ကျောင်းသူများအတွက်​အာဟာရဖွံဖြိုး​ရေး​ဆောင်​ရွက်​မှုတို့ကို လှည့်​လည်​ကြည့်​ရှုအား​ပေးသည်​။

 အခမ်းအနားသို့ တိုင်း​ဒေသကြီးအမျိုးသမီး​ရေးရာ​ကော်​မတီဝင်​များ၊ တိုင်း​ဒေသကြီးပညာ​ရေးမှူး ဒုတိယညွှန်​ကြား​ရေးမှူးချုပ်​ဒေါ်စန်းစန်းရီ၊ တိုင်း​ဒေသကြီးပြည်​သူ့ကျန်းမာရေးဦးစီးဌာနမှူး ​ဒေါက်​တာသန်းသန်းမြင့်​တို့နှင့်​ ဌာနဆိုင်​ရာ တာဝန်​ရှိသူများ၊ ​ခရိုင်​၊ မြို့နယ်​ကျန်းမာ​ရေးနှင့်​ ပညာ​ရေးဌာနတို့မှ တာဝန်​ရှိသူများ၊ ​လူမှု​ရေးအသင်းအဖွဲ့ဝင်​များ၊ သူနာပြုတက္ကသိုလ်​(မန္တ​လေး)မှ သင်​တန်းသား၊ သင်တန်းသူများ၊ ကျောင်းအုပ်​ကြီးများ၊ ဆရာ၊ဆရာမများ၊ ​ကျောင်းသား၊ ​ကျောင်းသူများ၊ အခြားဖိတ်​ကြားထားသူများ တက်​​ရောက်​သည်​။

 မန္တ​လေးတိုင်း​ဒေသကြီး ၂၀၁၇-၂၀၁၈ ပညာသင်​နှစ်​​ကျောင်းကျန်းမာ​ရေး သီတင်းပတ်​လှုပ်​ရှားမှုများကို သြဂုတ်​လ ၇ ရက်​​​နေ့မှ ၁၃ ရက်​​နေ့အထိ အ​ခြေခံပညာ​ကျောင်းများတွင်​ဆောင်​ရွက်​လျက်​ရှိ​သည်။