၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၄ ရက်

 Puma Energy Asia Sun Co.,Ltd က မန္တလေးမြို့ လမ်းမီးတိုင်များတွင် တပ်ဆင်နိုင်ရန် 115 W LED Street Light မီးလုံးများလှူဒါန်းပွဲကို ဇူလိုင်လ ၄ ရက် နံနက် ၁၀ နာရီက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး ယုဇနခန်းမ၌ ကျင်းပရာ မန္တလေးမြို့တော်ဝန်စည်ပင်သာယာရေးဝန်ကြီး ဌာန ဝန်ကြီး ဒေါက်တာရဲလွင် တက်ရောက်ပြီး ကျေးဇူးတင်စကားပြေကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပေးအပ်သည်။

 လှူဒါန်းပွဲသို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနမှူးများ၊ အလှူရှင် Puma Energy Asia Sun Co.,Ltd မှ Head Of Finance Ms.Anglique Healley နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး အလှူရှင်က လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားကာ စုစုပေါင်းငွေကျပ် သိန်း ၂၁၀ တန်ဖိုးရှိ 115 W LED Street Light မီးလုံး ၈၀ ကိုပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။