၂ဝ၁၉ ခုနှစ် မေလ ၁၂ ရက်

 မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာရဲလွတ်နှင့် ဇနီး ဒေါက်တာ လှမျိုးခင်တို့အား အမှူးထား၍ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းမိသားစု အဋ္ဌမအကြိမ်မြောက် စုပေါင်း ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်က နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)၌ ကျင်းပသည်။

 အစီအစဉ်အရ ဒုလ္လပတ်ရဟန်းလောင်း ၁၇၉ ပါးတို့သည် နံနက် ၇ နာရီတွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် သိမ်တော်၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းသိမ်တော်နှင့် အတုမရှိသိမ်တော်တို့တွင် သိမ်ဝင်ခဲ့ကြပြီးနောက် နံနက် ၈ နာရီခွဲ၌ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ဘွဲ့နှင်း ဓမ္မာရုံကြီးတွင် သိမ်ထွက်သံဃာတော်များအား မြို့တော်ဝန်နှင့်ဇနီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော် ဦးရဲမွန်နှင့် ဇနီး၊ တွဲဖက်အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် ၎င်းတို့၏ ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊  ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော်နှင့်  တာဝန်ရှိသူများ မြို့တော်စည်ပင်ဝန်ထမ်းများက လှူဖွယ်ပစ္စည်းများဖြင့် ဆက်ကပ်လောင်းလှူကြသည်။

 ဆက်လက်၍ နံနက် ၁ဝ နာရီတွင် အလှူတော်မင်္ဂလာအောင်ပွဲရေစက်ချမင်္ဂလာ အခမ်းအနားကို ကျင်းပပြုလုပ်ရာ နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု  ဝိဇိတာရုံဆရာတော်ဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသတို့အမှူးပြုသော ဆရာတော်၊ သံဃာတော် ၆၃ ပါး၊ ဒုလ္လဘရဟန်းတော် ၁၇၉ ပါး၊ ရှင်သာမဏေ ၂၉ ပါးနှင့် မြဝတီ သီလရှင်စာသင်တိုက်မှ ဦးစီးနာယက သီလရှင်ဆရာကြီး သုံးပါး၊ သာသနာ့အနွယ်ဝင် သီလရှင်အဖြစ်ခံယူခဲ့ကြသည့် သီလရှင် ၁၂၅ ပါးတို့ ကြွရောက် ချီးမြှင့် တော်မူကြပြီး မြို့တော်ဝန် ဒေါက်တာရဲလွင်နှင့်ဇနီး၊ ဒေါက်တာလှမျိုးခင်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်   ဒုတိယတိုင်းမှူး၊ မန္တလေးတိုင်းဒေသကြီးအဆင့် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန်နှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ မြို့တော်စည်ပင်ဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

 ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ကျောင်းထိုင်ဘုန်ကြီးသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာတော် ဘဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တကေသဝထံမှ ပရိတ်အပေါင်းက ငါးပါးသီလခံယူဆောက်တည်ကြသည်။

 ထို့နောက် မန္တလေးတိုင်းဒေသကြီး သံဃနာယကအကျိုးဆောင် ရတနာသိင်္ဂီဒိုက်ဦးကျောင်းဆရာတော်ဘဒ္ဒန္တဇောတိကာဘိဝံသက ဒုလ္လဘများအား သြဝါဒ ချီးမြှင့်သည်။ မြို့တော်ဝန်နှင့်ဇနီးက နိုင်ငံတော်သြဝါဒါစရိယဝိဇိတာရုံကျောင်း ဆရာတော်ကြီးထံသို့လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိယ  တိုင်းမှူးက မြတောင်ကျောင်းတိုက် သမ္မတစာချကျောင်းဆရာတော်ကြီးထံသို့လည်းကောင်း သင်္ကန်းအစရှိသော လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

 ဆက်လက်၍ မြို့တော်ဝန်နှင့်ဇနီးက မြဝတီသီလရှင်စာသင်တိုက်မှ ဦးစီးနာယက သီလရှင်ဆရာကြီးသုံးပါးအား မန္တလေးမြို့ နိုင်ငံတော်ပရိယတ္ထိသာသနာ့ တက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ)အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဒေါက်တာ ဘဒ္ဒန္တကေသရက လှူဒါးန်မှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှဝေ၍ “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ရုတ်သိမ်းသည်။

 ဆက်လက်၍ ကြွရောက်ချီးမြှင့်ကြသော ဧည့်သည်တော်များအား နေ့လယ်စာ ထမင်း၊ ဟင်းများဖြင့်တည်းခင်းဧည့်ခံသည်။