၂၀၁၇ခုနှစ် နိုဝင်ဘာလ ၁၆ရက်

 မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်းအနောက်ရပ်ကွက် စာကြည့်တိုက်ဖြစ်မြောက်ရေး ရန်ပုံငွေလှူဒါန်းပွဲကို ယနေ့နံနက် ၉နာရီက ဒေးဝန်းအနောက်ရပ်ကွက်၊ အရန်မီးသတ်တပ်ဖွဲ့ရုံခန်းမတွင် ကျင်းပသည်။

 အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးသန်းတက်ရောက် အဖွင့်အမှာစကားပြောကြားသည်။

 ထို့နောက် အလှူရှင် ဒေါ်စန်းကြူ(အဆင့်မြင့် ဒုံးပျံဂျုံစက်) မိသားစုဝင် ဒေါက်တာကိုကိုကြီးက လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး အလှူရှင် ဒေါ်စန်းကြူ( အဆင့်မြင့်ဒုံးပျံဂျုံစက်) မိသားစုကိုယ်စား ရပ်ကွက်စာကြည့်တိုက်ဖြစ်မြောက်ရေး အလှူငွေကျပ် သိန်း၂၀ကို လှူဒါန်းရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက လည်းကောင်း၊ ကြင်းတော်ယန်ဗုဒ္ဓဘာသာဘုရားကျောင်းမှ ဒုတိယဥက္ကဋ္ဌ ဦးမြင့်နိုင်က ချမ်းအေးသာစံမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ကော်မရှင်သို့ အလှူငွေကျပ် သုံးသိန်းကို ချမ်းအေးသာစံမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ကော်မရှင်မှ ဒေါ်မေသက်ထားကလည်းကောင်း၊ ချမ်းအေးသာစံမြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကထိန်အတွက် အလှူငွေကျပ် သုံးသိန်းကို ချမ်းအေးသာစံ မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစောမြင့်က လည်းကောင်း လှူဒါန်းကြရာ ရပ်မိ၊ ရပ်ဖ ဦးကိုကိုနိုင်က ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။