၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်

 ၂၀၁၈ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာလ ၁၆ ရက် နံနက် ၉ နာရီက ချမ်းအေးသာစံမြို့နယ်၊ ၂၈ လမ်းနှင့် ၈၆ လမ်းထောင့်၊ အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမတွင် ကျင်းပသည်။

 အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးမျိုးသစ်၊ မန္တလေးတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာတင်မင်းမောင်၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဆွေနှင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများ၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုရရှိသူ များ၊ ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။

 “ကျွန်တော်တို့အားလုံးဟာ ကမ္ဘာကြီးနဲ့အတူနေနေတဲ့ ကမ္ဘာသူ၊ ကမ္ဘာသားတွေဖြစ်တယ်။ တစ်နေရာကဖြစ်တဲ့ကိစ္စ အားလုံး ပတ်သက်နေတယ် ဆိုတာ သိကြဖို့လိုတယ်။ ကျောင်းသား၊ ကျောင်းသူ များဟာ နောင်အနာဂတ်ကို ကောင်းမွေဆိုးမွေ ခံစားကြရမှာပါ။ အနေအထိုင်တွေ လွန်ကဲပြီး လိုက်လျောညီ ထွေမှုမရှိတဲ့ ပုံစံတွေလုပ်တယ်။ သယံဇာတတွေ အလွန်အကျွံထုတ်လုပ်သုံးစွဲတာတွေေ ကြာင့် ကမ္ဘာကြီးဟာ ရာသီဥတုတွေ ပူနွေးလာ တယ်။ အိုဇုန်းလွှာ တွေ ပေါက်လာတယ်။

 ကမ္ဘာ့အပူချိန် တဖြည်းဖြည်း မြင့်တက်လာတယ်။ အကျိုးဆက်တွေအနေနဲ့ ရာသီဥတုတွေ ပြောင်းလဲနေတယ်။ လေမုန်တိုင်းတွေ ကျတယ်။ အချိန်အခါ မဟုတ် မိုးရွာတယ်။ ရေကြီး၊ မြေပြိုတယ်။ ပြောင်းလဲလာတဲ့ ရာသီဥတုကို အားလုံးဟာ ပြောင်းလဲပြင်ဆင်နိုင်အောင် ကြိုးစားရမှာပါ။ အိုဇုန်းလွှာ ကာကွယ် ရေး အသိစိတ်ဓာတ်ကို လူတိုင်းရရှိစေချင်တယ်။ ပညာရေးကဏ္ဍမှ ဆရာ၊ ဆရာ မတွေကတစ်ဆင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာတွေ ရအောင် ဆောင်ရွက်ပေးကြဖို့ အိုဇုန်းလွှာ ကာကွယ်ရေးအတွက် တစ်ဦးချင်း အသိစိတ်ဓာတ်နဲ့ ဝိုင်းဝန်း ထိန်းသိမ်း ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်” ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးမျိုးသစ်က အဖွင့်စကားတွင် ပြောကြားခဲ့သည်။

 ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ တင်မင်းမောင်က ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ သိမှတ်ဖွယ်ရာ များအား ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြ ပြီးနောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးမျိုးသစ်နှင့် သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဆွေတို့က ၂၀၁၈ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိ မ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ ၆ ဦးအား ဆုတံဆိပ်များ ချီးမြှင့်ပေးသည်။

 ထို့နောက် ဝန်ကြီးနှင့်အဖွဲ့သည် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပြသထားသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လှုပ်ရှား ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ သစ်တောဦးစီး ဌာန၏ အသိပေးမှတ်တမ်းများ၊ စာစီစာကုံးပြိုင်ပွဲ ဆုရရှိသူများ၏ စာမူများ ကြည့်ရှုအားပေးခဲ့ သည်။

 ကနေဒါနိုင်ငံ၊ မွန်ထရီယယ်မြို့တွင် ၁၉၇၈ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်က ချုပ်ဆိုခဲ့သည်။ မွန်ထရီယယ်နောက်ဆက်တွဲ စာချုပ်ကို ဂုဏ်ပြုသောအားဖြင့် ၄၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ ၁၉၉၄ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်နေ့ အစည်းအဝေးတွင် နှစ်စဉ် စက်တင်ဘာ ၁၆ ရက်ကို အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အဖြစ်သတ်မှတ်ခဲ့သည်။