၂၀၁၇ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်

 မန္တလေးဟိုတယ်နှင့်သက်မွေးသက်မွေးပညာသင်တန်းကျောင်း ၂၀၁၆-၁၇ခုနှစ် ဟိုတယ်သင်တန်းအောင်လက်မှတ်များနှင့် ဂုဏ်ပြုလွှာ ပေးအပ်ခြင်း အခမ်းအနားကို ဇူလိုင် ၁၅ရက် နံနက်၉နာရီက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း၃၀ ၇၈လမ်းရှိ Hotel Marvel တွင် ပြုလုပ်ကျင်းပသည်။

 အခမ်းအနားတွင်​ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က အဖွင့်​အမှာစကားပြောကြားရာ "တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျဆုံး အသက်မွေးပညာရပ်အား ပထမတန်းစားပညာအဖြစ် ဦးစားပေးဆောင်ရွက်လျက်ရှိပါတယ်၊ ဒေသအလိုက်လိုအပ်သော အသက်မွေးဝမ်းကြောင်းပညာရပ်ကို ပိုမိုကျယ်ပြန့်စွာ သင်ကြားပေးရန်လိုအပ်ကြောင်း" ထည့်​သွင်း​ပြောကြားခဲ့သည်။

 ယင်းနောက် မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့်​ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက နှုတ်​ခွန်းဆက်​အမှာစကား​ပြောကြားရာ "ဟိုတယ်နှင့်ခရီးသွား အလုပ်တွင် ဝန်ထမ်းများအတွက် လုပ်ငန်းခွင်အကြိုသင်တန်းများ၊ ဘာသာရပ်အလိုက်ကျွမ်းကျင်မှုသင်တန်းများ၊ ဟိုတယ်စီမံခန့်ခွဲမှုသင်တန်းများ တက်​​ရောက်​ကာ နိုင်ငံတကာအဆင့် ကျွမ်းကျင်မှုလက်​မှတ်​ရရှိပြီး ဒေသအကျိုး နိုင်ငံအကျိုး ပိုမိုထမ်းဆောင်နိုင်ပါစေ"ဟု ​ပြောကြားခဲ့သည်။

 ထို့​နောက်​ ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်းနှင့် တာဝန်ရှိသူများက သင်တန်းသားများအား သင်​တန်းဆင်းလက်မှတ်များ ပေးအပ်ကြသည်။

မန္တလေးဟိုတယ်နှင့်သက်မွေးသက်မွေးပညာသင်တန်းကျောင်းမှ ၂၀၁၂မှ၂၀၁၇ထိ ဟိုတယ်နှင့်ခရီးသွားဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် သင်တန်းသား (၁၃၅၈)ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မေသဇင်ထံက သိရသည်​။