၁။   မန္တလေးလျှပ်စစ်ဓါတ်အားပေးကော်ပိုရေးရှင်း(ရုံးချုပ်) Call Center တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့်ပတ်သက်၍ ပြည်သူလူထု၏ သိရှိလိုသော မေးမြန်းမှုများအား အချိန်မီပြန်လည် ဖြေကြားပေးနိုင်စေရေး Hot Line နံပါတ်(၁၆၁၆)ကို ၂၃-၄-၂ဝ၁၉ ရက်နေ့မှစ၍ တပ်ဆင်အသုံးပြုလျက်ရှိပါသည်။

၂။   အဆိုပါ Hot Line နံပါတ် (၁၆၁၆)အပြင် အော်တိုတယ်လီဖုန်းနံပါတ် ဝ၂-၄ဝ၇၃၆၆၆၊ ဝ၂-၄ဝ၆၅၆၆၆၊ ဝ၂-၄ဝ၇၂၆၁၇၊ ဝ၂-၄ဝ၇၂၆၁၈၊ ဝ၂-၄ဝ၇၂၆၁၉ တို့ကိုလည်း ခေါ်ဆိုနိုင်ပါကြောင်း အသိပေးအပ်ပါသည်။