၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၆  ရက်

 နှစ်(၇၀)ပြည့် အာဇာနည်နေ့ကို အောက်မေ့သောအားဖြင့် မဟာအောင်မြေမြို့နယ်၊ တက္ကသိုလ်ရပ်ကွက် အမျိုးသားဒီမိုကရေစီအဖွဲ့မှ သင်ထောက်ကူ ကျောင်းသုံးဗလာစာအုပ်၊ စာရေးကိရိယာများမျှဝေခြင်းကို ဇူလိုင် ၁၅ ရက် နံနက် ၉ နာရီက မန္တလေးတက္ကသိုလ် (UR-1) သုတေသနတွင် ပြုလုပ်သည်။

 ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက အဖွင့်အမှာစကားပြောကြား သည်။

 ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးသုတ၊ မဟာအောင်မြေမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးငြိမ်းသစ်၊ မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်ကျော်သင်၊ မဟာအောင်မြေမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူးတို့က ပညာရေးမြင့်မားရေးနှင့်ပတ်သက်၍ နိုင်ငံတော်မှလုပ်ဆောင်နေမှုများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မျှဝေခြင်း “ပညာရေးသည်ပြောင်းလဲဖို့ မျှဝေခြင်း၊ ပညာရေးစနစ်ပြောင်းလဲဖို့ မျှဝေခြင်းဖြင့်စကြပြီး ပိုသူမှလိုသူကို၊ ရှိသူမှ မရှိသူကို မျှဝေပေးခြင်း လုပ်ဆောင်နေမှုအကြောင်း” ရှင်းလင်းပြောကြားသည်။

 ထို့နောက် မိဘများကိုယ်စား တက္ကသိုလ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းဌေးက ကျေးဇူးတင်စကား ပြောကြားသည်။

 ယနေ့ အစီအစဉ်တွင် ကျောင်းသား၊ ကျောင်းသူ ၂၆၀ ဦးကျော် အတွက် စာအုပ်၊ ခဲတံ၊ KG အတွက် အဖြူ၊ အစိမ်း ကျောင်းဝတ်စုံများ မျှဝေပေးခဲ့ သည်။

 အခမ်းအနားသို့ အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ကြသည်။